back

ရန်ကုန်တွင် ကုန်စိမ်းကားသဖွယ် YBS ယာဉ်တွေ ကုန်စိမ်းအဓိကတင်လာသဖြင့် စီးနင်းသူများအခက်တွေ့နေ

Jan 05 • 2:56 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ကုန်စိမ်းကားသဖွယ် YBS ယာဉ်တွေ ကုန်စိမ်းအဓိကတင်လာသဖြင့် စီးနင်းသူများအခက်တွေ့နေ

ရန်ကုန်မြို့အတွင်း ပြေးဆွဲသော YBS ယာဉ်များတွင် ယခုနောက်ပိုင်း ကုန်စိမ်းများသာတင်ဆောင်သည့် ကုန်စိမ်းကားသဖွယ် ကုန်တင်ဆောင်ပြေးဆွဲသောအဖြစ်မျိုး အများအပြားရှိလာကြော...

ရန်ကုန်မြို့အတွင်း ပြေးဆွဲသော YBS ယာဉ်များတွင် ယခုနောက်ပိုင်း ကုန်စိမ်းများသာတင်ဆောင်သည့် ကုန်စိမ်းကားသဖွယ် ကုန်တင်ဆောင်ပြေးဆွဲသောအဖြစ်မျိုး အများအပြားရှိလာကြောင်း ရန်ကုန်မြို့တွင်း သွားလာနေသူများကြားမှ သိရသည်။

ယခင်က ချက်ပြုတ်ရန်၀ယ်ယူလာသော တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းအချို့သာ တင်ဆောင်ကြခြင်းများရှိ သော်လည်း ယခုနောက်ပိုင်းတွင် ကုန်စိမ်းစျေးများမှ လက်လီစျေးများအတွင်းရောင်းချမည့် ကုန်စိမ်းပစ္စည်းအများအပြားကို တင်ဆောင်လာကြခြင်းလည်းဖြစ်သည်။မင်္ဂလာဒုံ၊ မြောက်ဥက္ကလာဘက်မှ ရန်ကုန်မြို့တွင်း လသာမြို့နယ်အတွင်းသို့ပြေးဆွဲသော YBS 35 ယာဉ်လိုင်းမှ ယာဉ်တစ်စီး ပေါ်တွင်လည်း ကုန်စိမ်းကားသဖွယ် ကုန်စိမ်းပစ္စည်းများအပြည့် တင်ဆောင် သောဖြစ်ရပ် မျိုးကို ကိုယ်တိုင်ကြုံသူတစ်ဦးက လူမှုကွန်ရက်တွင် ဖော်ပြခြင်းများရှိခဲ့သည်။ထို YBS ယာဉ်များတွင် အဆိုပါကုန်ပစ္စည်းများတင်ဆောင်ခြင်းမပြုရန် ယခင်ကကြပ်မတ်ခဲ့ဖူးပြီး ယာဉ်လိုင်း တာဝန်ရှိသူများက အောက်ခြေတွင်လိုက်လံစစ်ဆေးလုပ်ဆောင်သည့်အချိန်၌ တင်ဆောင်မှုမရှိ သလောက် ဖြစ်ခဲ့သောအခြေအနေမှ ယခုတစ်ဖန်ပြန်လည်၍ ကုန်တင်ဆောင်မှုများကို ကြုံလာကြခြင်း လည်းဖြစ်ကြောင်း ဆိုကြသည်။

news-view-count-icon

30