back

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အင်းစိန်အကျဥ်းထောင်မှပြန်လွတ်လာ

Jan 05 • 2:15 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အင်းစိန်အကျဥ်းထောင်မှပြန်လွတ်လာ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အင်းစိန်အကျဥ်းထောင်မှ ဇန်နဝါရီ ၄ ရက်က ပြန်လွတ်လာကြောင်း သိရသည်။သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ်တာ ဝန်ထ...

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အင်းစိန်အကျဥ်းထောင်မှ ဇန်နဝါရီ ၄ ရက်က ပြန်လွတ်လာကြောင်း သိရသည်။သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို သမ္မတပြောရေးဆို ခွင့်ရှိသူလည်းဖြစ်ခဲ့သည့် ဦးရဲထွဋ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၂၈) ရက် ညပိုင်းတွင် ပုဒ်မ ၅၀၅- က နှင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။အလုံမြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးအမှုအမှတ် ၂၀၅/၂၀၂၃ တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ထောင် ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။ထို့အပြင် ရာဇဝတ်ကြီးမှုအမှတ် ၉၇/ ရာဇသတ်ကြီးပုဒ်မ၁၂၄ (က)အရ ထောင်ဒဏ် ခုနစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။၎င်းအား ယမန်နေ့ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

news-view-count-icon

124