မကွေးတိုင်းဒေသကြီး၊ သ ရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ၏ကြီးကြပ်မှုဖြင့် (၇၈)နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းတုန်းမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့ နေ ထိုင်ရာရုံး၊ ဌာနအဆောက် အအုံများ၊ ဈေးများ၊ လမ်းဆုံအဝိုင်းများ၊ မြို့၏ အဓိကကျသော လမ်းမကြီးများ၊ အပန်း ဖြေနေရာများ၊ အဝေးပြေးကားများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ နေအိမ်အဆောက်အဦ၊ ပုဂ္ဂ လိကဆေးရုံနှင့် ကျောင်းများ၊ ပရဟိတအဆောက်အဦများ၌ (၃၁-၁၂-၂၀၂၅)ရက်နေ့မှ (၄-၁-၂၀၂၆) ရက်နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံများ လွှင့်ထူခဲ့ကြောင်း သတင်းရရှိပါသည်။



