back

ဧရာဝတီတိုင်းဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Jan 05 • 2:12 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအန...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၀၀)ဦးက အခြေခံကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေမှု၊ အ.ထ.က(၂) ပုသိမ်မှ ကျောင်းသား၊ ကျောင်းသူ (၃ဝဝ)ဦးက ကာယပညာ အတွဲ(၃)ဖြင့် သရုပ်ပြသမှု၊ စိန့်ဂျွန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၀၀)ဦးက "အာရှမြန်မာ"သီချင်းဖြင့် PE-22 Fitness Exercises ကို သရုပ်ပြဖျော်ဖြေမှု၊ AD Myanmar မှကျောင်းသား/သူ (၁၀၀)ဦး၊ ပုသိမ်မြို့နယ်မှ မိဘ၊ ဆရာ/မ (၂ဝဝ)ဦးတို့က "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သရုပ်ဖော် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

34