တနင်္သာရီတိုင်းတွင် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်နှင့် မြိတ်အကျဥ်းထောင်တို့က အကျဥ်သား ၇၀နီးပါး လွတ်မြောက်လာကြောင်း လွတ်မြောက်လာသည့် ကာယကံရှင်များ နှင့် နီးစပ်သူများထံမှ သိရသည် ။ထားဝယ်ထောင်က အကျဉ်းသား ၂၃ ဦး အကျဥ်းသူ ၇ ဦး စုစုပေါင်း ၃၀ ဦးလွတ်မြောက်လာကြောင်း လွတ်မြောက်လာသည့် ကာယကံရှင်များ နှင့် နီးစပ်သူများထံမှသိရသည် ။ယင်းတို့အနက် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများ ပါဝင်လာခြင်းမရှိကြောင်း လွတ်မြောက်လာသည့် အကျဥ်းသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ မိသားစုဝင်တစ်ဦးက ပြောသည် ။မြိတ်အကျဉ်းထောင် တွင်လည်း အကျဥ်းသား ၃၂ ဦး နှင့် အကျဥ်းသူ ၆ ဦး စုစုပေါင်း ၃၈ ဦး လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည် ။အဆိုပါ ၃၈ ဦးတွင်လည်း နိုင်ငံရေး အကျဥ်းသားများ မပါဝင်ကြောင်း မြိတ်အကျဉ်းထောင် နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
Jan 05 • 2:10 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 36 | 0 | 0 | 0 |


