back

ဧရာဝတီတိုင်း၊ဟင်္သာတမြို့ တလုထ္တော် ဦးရှင်ကြီးပွဲ လူစည်ကားလျက်ရှိ

Jan 05 • 2:08 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ဟင်္သာတမြို့ တလုထ္တော် ဦးရှင်ကြီးပွဲ လူစည်ကားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကျင်းပခဲ့သည့် တလုထ္တော် ဦးရှင်ကြီးပွဲဈေး လူစည်ကားလျက်ရှိကြောင်းသိရသည်။ အဆိုပါ တလုတ္ထေ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကျင်းပခဲ့သည့် တလုထ္တော် ဦးရှင်ကြီးပွဲဈေး လူစည်ကားလျက်ရှိကြောင်းသိရသည်။ အဆိုပါ တလုတ္ထော်ဦးရှင်ကြီးပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိပြီး ပွဲတော်ကို ၅ ရက်ကြာအောင်ကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ " ဒီနှစ်တော့ ပွဲလာတဲ့သူအရမ်းများတယ် ဇာတ်ပွဲကတော့ အောင်ဇဗ္မူ ဇာတ်ပွဲငှားတာ ပွဲကစည်တော့ ကန်ထရိုက်တွေ မြတ်မှာပါ၊ အရင်နှစ်ကတော့ အဲ့လောက်လာမကြည့်ကြလို့ ပွဲကန်ထရိုက်တွေရှုံးတယ်" ဟု ဟင်္သာတမြို့တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

news-view-count-icon

51