ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်တံတားအောက်တွင် ယနေ့ ဇန်နဝါရီလ ၅ရက်နေ့ နံနက် ၁နာရီ ၁၀မိနစ်အချိန်ခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေခဲ့ပါသည်။ထို့ကြောင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား တာမွေ ကွန်ယက် ပရဟိတ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။
Jan 05 • 2:07 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 83 | 0 | 0 | 0 |


