back

မြန်မာနယ်စပ်မှတစ်ဆင့် ပင်လယ်ရေကြောင်းခရီးနဲ့  တရားမဝင် ပြည်ပသို့ ခရီးသွားသူ ၂၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး

Jan 05 • 1:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနယ်စပ်မှတစ်ဆင့် ပင်လယ်ရေကြောင်းခရီးနဲ့  တရားမဝင် ပြည်ပသို့ ခရီးသွားသူ ၂၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး

မြန်မာနယ်စပ် အနီးမှာ ပင်လယ်ရေကြောင်းခရီးနဲ့ တရားမဝင် ပြည်ပနိုင်ငံ တစ်ခုဖြစ်တဲ့ မလေးရှားသို့ ခရီးသွားသူ ၂၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလ...

မြန်မာနယ်စပ် အနီးမှာ ပင်လယ်ရေကြောင်းခရီးနဲ့ တရားမဝင် ပြည်ပနိုင်ငံ တစ်ခုဖြစ်တဲ့ မလေးရှားသို့ ခရီးသွားသူ ၂၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ဇန်နဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘော 'Banauja Independence' ဟာ လျှို့ဝှက်သတင်းတွေ အရ ဇန်နဝါရီလ ၃ ရက်က နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းနဲ့ ကပ်လျက် ပင်လယ်ဒေသမှာ လိုက်လံ စူစမ်းမှု ပြုလုပ်နေချိန်မှာ စက်တပ် သစ်သားလှေတစ်စီးနဲ့ အတူ လူမှောင်ခိုသမား ၁၀ ဦး အပါအဝင် လူ ၂၇၃ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးစစ်ဆေးမှုအရ ဖမ်းဆီးခံရသူအားလုံးဟာ မလေးရှားသို့ တရားမဝင်သွားရောက်သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

news-view-count-icon

69