back

အမ်ဘာပေ ပြန်ကစားနိုင်မယ့်အချိန်ကို မသိရှိကြောင်း အလွန်ဆို ပြောကြား

Jan 04 • 5:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမ်ဘာပေ ပြန်ကစားနိုင်မယ့်အချိန်ကို မသိရှိကြောင်း အလွန်ဆို ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ရှာဘီအလွန်ဆိုက အသင်းတိုက်စစ်မှူး အမ်ဘာပေ ပြန်ကစားနိုင်မယ့်အချိန်ကို မသိရှိကြောင်း ပြောကြားခဲ့ပါတယ်။၎င်းက ကလပ်အနေနဲ့ အမ်ဘာပေ အမြန်ဆုံးပ...

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ရှာဘီအလွန်ဆိုက အသင်းတိုက်စစ်မှူး အမ်ဘာပေ ပြန်ကစားနိုင်မယ့်အချိန်ကို မသိရှိကြောင်း ပြောကြားခဲ့ပါတယ်။၎င်းက ကလပ်အနေနဲ့ အမ်ဘာပေ အမြန်ဆုံးပြန်ကစားနိုင်ဖို့ လုပ်ဆောင်နေကြောင်းလည်း မှတ်ချက်ပြုခဲ့တယ်။ရီးယဲလ်အသင်းက အမ်ဘာပေ ဘယ်ဘက်ဒူးဒဏ်ရာရရှိမှုကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အတည်ပြုကြေညာခဲ့တယ်။အမ်ဘာပေဟာ ယနေ့ကစားမယ့် ဘက်တစ်နဲ့ လာလီဂါပွဲကို သေချာပေါက်လွဲချော်တော့မှာဖြစ်ပြီး လာမယ့်အပတ် စပိန်စူပါဖလားပွဲလည်း ကစားဖို့ မသေချာဘူးဖြစ်နေတယ်။၎င်းဟာ အခုရာသီမှာ ပြိုင်ပွဲစုံ ၂၉ ဂိုးအထိ သွင်းယူပေးထားပါတယ်။ဒါ့အပြင် အခုရာသီ လာလီဂါပွဲစဉ် ၁၈ ပွဲစလုံး ကစားပေးထားပြီး ၁၈ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

news-view-count-icon

47