back

ထိုင်းနိုင်ငံတွင် ထိုင်းမိသားစုစီးကား အရှိန်မထိန်းနိုင်၍ ရေထဲကျခဲ့ပြီးနောက် အသက်အန္တရာယ်မရှိ ကယ်ဆယ်ခံလိုက်ရ

Jan 04 • 5:12 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ထိုင်းမိသားစုစီးကား အရှိန်မထိန်းနိုင်၍ ရေထဲကျခဲ့ပြီးနောက် အသက်အန္တရာယ်မရှိ ကယ်ဆယ်ခံလိုက်ရ

ထိုင်းနိုင်ငံ၊စမွတ်ဆောင်ခရမ်ပြည်နယ်၊ မောင်းခရိုင်–ကလောင်ခွန်ခရိုင် ချိတ်ဆက်ထားသည့် အဝေးပြေးကားလမ်းမကြီးပေါ်တွင် ယမန်နေ့က ထိုင်းမိသားစုတစ်စု စီးနင်းလာသော ကားတစ်စ...

ထိုင်းနိုင်ငံ၊စမွတ်ဆောင်ခရမ်ပြည်နယ်၊ မောင်းခရိုင်–ကလောင်ခွန်ခရိုင် ချိတ်ဆက်ထားသည့် အဝေးပြေးကားလမ်းမကြီးပေါ်တွင် ယမန်နေ့က ထိုင်းမိသားစုတစ်စု စီးနင်းလာသော ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေထဲသို့ ထိုးကျနစ်မြုပ်သွားခဲ့သည်။ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့နှင့် ဒေသခံ စေတနာ့ဝန်ထမ်းများက ချက်ချင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကားအတွင်းရှိ ခရီးသည်အားလုံးနှင့် သူတို့၏ ပစ္စည်းများကို ရေထဲမှ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်ရပ်တွင် လူအသက်အန္တရာယ် မရှိခဲ့ကြောင်းလည်း သတင်းရရှိပါသည်။

news-view-count-icon

23