ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့ အခမ်းအနား မပြုလုပ်မီ အချိန်အနည်းငယ်အလို၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ယနေ့ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁) ရှိ နားမခေါ်အရပ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။"ဗုံးပေါက်တာတော့ မှန်ပါတယ်။ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားက မနက် ၄ နာရီ ၂၀ မိနစ်ဆိုတော့ စုနေတဲ့လူတွေကြားထဲ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတာပေါ့။ အထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်" ဟု လားရှိုးမြို့၊ ရပ်ကွက် (၉) တွင် နေထိုင်သူတစ်ဦးက ပြောသည်။



