back

ထိုင်းမှာ နှစ်သစ်ကူး နိုင်ငံခြားသားတွေ အဝယ်များလို့ အသားလုံး တစ်နေ့ ၁ တန်နီးပါးရောင်းနေရ

Jan 04 • 4:53 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ နှစ်သစ်ကူး နိုင်ငံခြားသားတွေ အဝယ်များလို့ အသားလုံး တစ်နေ့ ၁ တန်နီးပါးရောင်းနေရ

ထိုင်းနိုင်ငံ ဘူရိီရမ် ခရိုင်က နာမည်ကြီး အသားလုံး စားစရာ Luk Chin Yuen Kin (အခေါ်အဝေါ်မှားပါက ဖြည့်ဖတ်ပါရန်) ဟာ နှစ်သစ်ကာလမှာ ဆိုင်တွေကနေ တစ်နေ့ကို ၁ တန်နီးပါး ...

ထိုင်းနိုင်ငံ ဘူရိီရမ် ခရိုင်က နာမည်ကြီး အသားလုံး စားစရာ Luk Chin Yuen Kin (အခေါ်အဝေါ်မှားပါက ဖြည့်ဖတ်ပါရန်) ဟာ နှစ်သစ်ကာလမှာ ဆိုင်တွေကနေ တစ်နေ့ကို ၁ တန်နီးပါး ရောင်းနေရပါတယ်။ အရင်ကဆို တစ်နေ့ ၂၀၀-၃၀၀ ကီလို လောက်ရောင်းရပေမယ့် အခုက အရမ်းကို များနေတာပါ။ ဝယ်တဲ့သူတွေထဲမှာ ဒေသခံတွေရော၊ နိုင်ငံခြားသားတွေပါ ပါဝင်ပြီး ဒိီစားစရာကို လမ်းဘေးဆိုင်တွေ၊ ရထားဘူတာရုံက ဆိုင်တွေ၊ အွန်လိုင်းကနေ မှာတာ အမျိုးမျိုး ပုံစံနဲ့ ဝယ်စားနေကြပါတယ်။ဘူရီရမ်က ဒီစားစရာက နာမည်ကြီးပြီး သူ့ရဲ့ ဆော့စ်ကို မန်းကျည်းသီး၊ ကြက်သွန်နီ၊ ငရုတ်သီးကြော်တို့နဲ့ လုပ်ထားတဲ့အတွက် နာမည်ကြီးပြီး လမ်းဘေးမှာ အလွယ်တကူစားနိုင်လို့ မြိန်ရည်ရှက်ရည်စားကြတာပါ။ ၅ ဘတ်ဝန်းကျင်ကနေ စဝယ်နိုင်တဲ့အတွက်လည်း ဈေးသက်သာ ဗိုက်ဝတဲ့ မုန့်တစ်မျိုးဖြစ်ပြီး စစ်ပွဲ အပစ်ရပ်ပြီးတော့လည်း ဒီဒေသတွေကို လည်ပတ်သူများလာလို့ပိုရောင်းနေရတယ်လို့ ဖော်ပြလာပါတယ်။

news-view-count-icon

20