back

တရုတ်နိုင်ငံ၏၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး - “နှင်းနဂါး” ချင်လျင်စခန်းမှ ထွက်ခွာ၍ နယူးဇီလန်ခရီးစဉ် စတင

Jan 04 • 4:52 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး - “နှင်းနဂါး” ချင်လျင်စခန်းမှ ထွက်ခွာ၍ နယူးဇီလန်ခရီးစဉ် စတင

တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသော “နှင်းနဂါး” ရေခဲခွဲသင်္ဘောကြီးသည် ချင်လျင်စခန်းတွင် ကုန်ပစ္စည်းချ၍ ပို့ဆောင်...

တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသော “နှင်းနဂါး” ရေခဲခွဲသင်္ဘောကြီးသည် ချင်လျင်စခန်းတွင် ကုန်ပစ္စည်းချ၍ ပို့ဆောင်ခြင်း၊ ဝန်ထမ်းများ စခန်းသို့သွားရောက်၍ လုပ်ငန်းလုပ်ဆောင်ခြင်းနှင့် ဝေဟင်ရိုက်ကူးရေး၊ ပင်လယ်သမုဒ္ဒရာ စစ်တမ်းကောက်ယူခြင်း စသည့် သိပ္ပံသုတေသနလုပ်ငန်းများကို လုပ်ဆောင်ပြီးစီးခဲ့ပြီဖြစ်ရာ ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၃ ရက်တွင် နယူးဇီလန်နိုင်ငံ Lyttelton ဆိပ်ကမ်းသို့ ခရီးစဉ်စတင်ခဲ့သည်။ ချင်လျင်စခန်းမှ မထွက်ခွာမီ “နှင်းနဂါး” သင်္ဘောကြီးသည် အစီအစဉ်အရ အနီးအနားရှိ တောင်ကိုရီးယားနိုင်ငံ Jang Bogo စခန်းသို့ သွားရောက်မည် ဖြစ်ပြီး ယင်းစခန်းအတွက် စူးစမ်းလေ့လာရေးအဖွဲ့ဝင် ၂၁ ဦးအား ကူညီ ရွှေ့ပြောင်းပို့ဆောင်မည်ဖြစ်ရာ ယင်းအဖွဲ့ဝင်များသည်လည်း Lyttelton ဆိပ်ကမ်းတွင် သင်္ဘောပေါ်မှထွက်ခွာမည် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးကို တရုတ်နိုင်ငံ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနမှ စီစဉ်ခြင်း ဖြစ်သည်။

news-view-count-icon

15