အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃-က နဲ့ ထောင်ဒဏ်များချမှတ်ခံထားရသော မော်ဒယ်လ် နန်းမွေစံ ယနေ့ ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခဲ့ပြီဖြစ်ပါသည်။၎င်းအား စွဲဆိုခဲ့သည့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ - ၃၃ သည် ပြစ်မှုထင်ရှားစီရင်ခံရပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မလည်း ဖြစ်သည်။သို့သော် ယနေ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင်စခ န်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသား / အကျဉ်းသူ (၆,၁၃၄) ဦးအား လွတ်ငြိမ်းခွင့်ပြုသည့်အထဲတွင် မော်ဒယ်နန်းမွေစံပါ ပါဝင်ခဲ့တာလည်းဖြစ်ပါသည်။



