back

မဲဆောက်တွင် ထိုင်းသူနာပြုအမျိုးသမီးကားပေါ်တက်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

Jan 04 • 3:18 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲဆောက်တွင် ထိုင်းသူနာပြုအမျိုးသမီးကားပေါ်တက်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲဆောက်ဆေးရုံအနီးတွင် ဇန်နဝါရီလ ၂ ရက်နေ့က ထိုင်းသူနာပြုအမျိုးသမီး၏ကားပေါ်တက်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်...

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲဆောက်ဆေးရုံအနီးတွင် ဇန်နဝါရီလ ၂ ရက်နေ့က ထိုင်းသူနာပြုအမျိုးသမီး၏ကားပေါ်တက်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ဖြစ်စဉ်မှာ ထိုင်းသူနာပြုအမျိုးသမီးသည် မဲဆောက်ဆေးရုံအနီးတွင် ကားရပ်နား၍ လိမ္မော်သီးဝယ်ယူနေစဉ် သူမ၏နောက်မှ အမည်မသိ မြန်မာနိုင်ငံသားတစ်ဦး လိုက်ပါလာကာ စောင့်ကြည့်နေသည်ကို သတိထားမိသဖြင့် လိမ္မော်သီးဝယ်ယူ၍ ကားရပ်ထားသည့် နေရာသို့ ပြန်လာခဲ့ကြောင်း သိရသည်။ထို့နောက် ကားပေါ်တက်ကာ စက်နှိုးနေစဉ် သူမအား စောင့်ကြည့်နေသော မြန်မာနိုင်ငံသားသည် ရုတ်တရက် ရောက်ရှိလာပြီး တံခါးဆွဲဖွင့်ကာ ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်သည်ကိုတွေ့ရှိရသဖြင့် သူနာပြုအမျိုးသမီးက ကြောက်လန့်ကာ အနီးပတ်ဝန်ကျင်ရှိ ပြည်သူများကို အော်ဟစ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ထိုသို့ အကူအညီတောင်းခံမှုကို ကြားသိရသည့် ဆေးရုံအနီးရှိ ပြည်သူများ ရောက်ရှိလာပြီး ကားနောက်ခန်းတွင် ထိုင်နေ‌သော မြန်မာနိုင်ငံသားကို ဝိုင်း ဝန်းဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ မဲဆောက်ရဲတပ်ဖွဲ့က အဆိုပါ မြန်မာနိုင်ငံသားအားဖမ်းဆီးခေါ်ဆောင်သွားပြီး ကားပေါ်သို့ မည်သည့်ရည်ရွယ်ချက်ဖြင့် တက် ရောက်ခဲ့သည်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

news-view-count-icon

27