မြန်မာ့စိုက်ပျိုးသူတောင်သူလယ်သမားများထံမှ ပဲတီစိမ်းကို ပိုးသတ်ဆေးအပါအ၀င် ဓာတုဓာတ်ကြွင်းပါ၀င်မှုအခြေအနေကို စက်ဖြင့်စစ်ဆေး ပြီးမှ ၀ယ်ယူရန် ကုန်သည်များက စီစဉ်နေကြောင်း သိရသည်။တောင်သူလယ်သမားများထံမှ ပဲတီစိမ်းများ၀ယ်ယူရာတွင် ဓာတုဓာတ်ကြွင်းပါ၀င်မှု ရှိမရှိ စစ်ဆေးရန်အတွက် ဓာတ်ကြွင်းစစ်ဆေးသည့် စက်များကို ကုမ္ပဏီများက ၀ယ်ယူ အသုံးပြုရန်ပြင်ဆင်နေသည်။ပဲတီစိမ်းတွင် ဓာတုဓာတ်ကြွင်းများလျှင် ဈေးရရှိရန်ခက်ခဲမည့်အခြေအနေမျိုးဖြစ်နေပြီး စိုက်ပျိုးချိန်မှစတင်ပြီး GAPစနစ်ကို ကောင်းစွာလိုက်နာဆောင်ရွက်ခဲ့ပါက အခွင့်အလမ်းကောင်းများရနိုင်မည့်ဟုလည်း တောင်သူတစ်ချို့က မျှော်လင့်နေကြသည်။မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာ၀တီနှင့် ရန်ကုန်တိုင်း၊ မွန် ၊ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးပြီး တစ်နိုင်ငံလုံး စိုက်ဧကစုစုပေါင်း ၂ဒသမ၈ သန်းကျော်ရှိသည်။ တစ်နှစ်ပဲတီစိမ်း တန်ချိန် ၁ဒသမ ၄ သန်းကျော်ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ၆၀ ရာခိုင်နှုန်းကျော် တင်ပို့ရောင်းချသည်။
Jan 04 • 3:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 49 | 0 | 0 | 0 |


