back

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ် နတ်မတောင်သစ်တောဧရိယာအတွင်း သစ်ခိုးထုတ်တဲ့အမှုများလာနေ

Jan 04 • 3:18 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ် နတ်မတောင်သစ်တောဧရိယာအတွင်း သစ်ခိုးထုတ်တဲ့အမှုများလာနေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ "အာဆီယံအမွေအနှစ်" ခေါနူးသုမ်(ဆုမ်)နတ်မတောင်သဘာဝသစ်တော ဧရိယာအတွင်း သစ်ခိုးထုတ်တဲ့ အမှုပေါင်းဟာ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွင်း အမှု ...

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ "အာဆီယံအမွေအနှစ်" ခေါနူးသုမ်(ဆုမ်)နတ်မတောင်သဘာဝသစ်တော ဧရိယာအတွင်း သစ်ခိုးထုတ်တဲ့ အမှုပေါင်းဟာ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွင်း အမှု ၁၆ မှုရှိခဲ့ပြီး အဲဒီအမှုများအတွက် အရေးယူထားတာရှိသလို သစ်တောကြိုးဝိုင်းရဲ့တချို့နေရာတွေ တောင်ဂတုံးဖြစ်လာတဲ့အထိ အခြေအနေ ဆိုးရွားလာနေတယ်လို့ ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုးရုံး မြို့နယ်မှုခင်းတာဝန်ခံက ပြောပါတယ်။ကန်ပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ မိဘပြည်သူတွေအနေဖြင့် တားမြစ်သစ်တောထွက်ပစ္စည်းတွေကို ခိုးယူထုတ်လုပ် ရောင်းချခြင်းမလုပ်ကြဖို့ တည်ဆဲဥပဒေများအရလည်းကောင်း၊ ဒေဿန္တရဥပဒေ အရလည်းကောင်း တော်လှန်ရေးကာလအတွင်း ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့နဲ့ မလိုက်နာရင် ထိရောက်စွာ အရေးယူခံရမှာဖြစ်တယ်လို့လည်း ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် သစ်တောနှင့် သဘာဝသယံဇာတထိန်းသိမ်း ရေးဌာနက ထပ်မံသတိပေးထားပါတယ်။

news-view-count-icon

26