back

နေပြည်တော်၊လယ်ဝေးမြို့နယ်တွင် ‎ အောင်နန်းချိုကျေးရွာ အလယ်တန်းကျောင်းစုံညီပွဲတော် ကျင်းပ

Jan 04 • 3:14 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၊လယ်ဝေးမြို့နယ်တွင် ‎ အောင်နန်းချိုကျေးရွာ အလယ်တန်းကျောင်းစုံညီပွဲတော် ကျင်းပ

‎နေပြည်တောင်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီးတောင်အုပ်စု၊ အောင်နန်းချိုကျေးရွာရှိ အခြေခံ အလယ်တန်းကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲနှင့် စုံညီပွဲတော်တစ်ရပ်...

‎နေပြည်တောင်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီးတောင်အုပ်စု၊ အောင်နန်းချိုကျေးရွာရှိ အခြေခံ အလယ်တန်းကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲနှင့် စုံညီပွဲတော်တစ်ရပ်ကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။‎၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်မှာ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသူ/သားတွေကို ဂုဏ်ပြုအသိအမှတ်ပြုတဲ့နေ့တစ်နေ့ဖြစ်ပြီး ပညာရေးကျောင်းရဲ့ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ စုံညီပွဲတော်ဖြစ်ပါတယ်။‎အောင်နန်းချိုကျေးရွာဟာ တိုင်းရင်းသားအများစုနေထိုင်ကြတဲ့ ရွာတစ်ရွာဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရဲ့ တိုင်းရင်းသားကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြတဲ့ အောင်နန်းချိုကျေးရွာ အလယ်တန်းကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် စုံညီပွဲတော်ကို ကျောင်းတာဝန်ခံများနဲ့ ကျေးရွာဒေသခံများလည်း ပူးပေါင်းပါဝင်ကာ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

news-view-count-icon

48