မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ် အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင် က အမှာစကားပြောကြားခဲ့သည်။ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း လူရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ကျပန်း၊ စာစီစာကုံး၊ ကဗျာရွတ် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ် ဆောင်းပါးပြိုင်ပွဲတွင်ဆုရရှိသည့်ဆရာ၊ ဆရာမများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးများနှင့်မြို့နယ်အဆင့်ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ အကြီးအကဲများက ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ပညာရေးစံညီပွဲတော်အခမ်းအနားများကိုမင်းလှမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ယမန်နေ့နံနက်ပိုင်းတွင်တစ်ပြိုင် တည်းကျင်းပကြကြောင်းသိရသည်။
Jan 04 • 3:13 AM
မြန်မာ
မကွေး
မျှဝေမည်
| 25 | 0 | 0 | 0 |


