back

စင်ကာပူတွင် ရဲတပ်ဖွဲ့ပိုင် ရာဇဝတ်မှုသတိပေးဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တဲ့ အမျိုးသားတစ်ဦး တရားစွဲဆိုခံရ

Jan 04 • 3:15 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် ရဲတပ်ဖွဲ့ပိုင် ရာဇဝတ်မှုသတိပေးဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တဲ့ အမျိုးသားတစ်ဦး တရားစွဲဆိုခံရ

စင်ကာပူနိုင်ငံ Stadium Place လမ်းတစ်လျှောက်မှာ စိုက်ထူထားတဲ့ ရဲတပ်ဖွဲ့ပိုင် ရာဇဝတ်မှုဆိုင်ရာ သတိပေးဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့မှုနဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်...

စင်ကာပူနိုင်ငံ Stadium Place လမ်းတစ်လျှောက်မှာ စိုက်ထူထားတဲ့ ရဲတပ်ဖွဲ့ပိုင် ရာဇဝတ်မှုဆိုင်ရာ သတိပေးဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့မှုနဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၃ ရက်၊ စနေနေ့မှာ တရားရုံးတင် စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။အကယ်၍ အများပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု (Vandalism) နဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အဆိုပါအမျိုးသားဟာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ ချမှတ်ခံရနိုင်သလို မဖြစ်မနေ ကြိမ်ဒဏ် ၃ ချက်ကနေ ၈ ချက်အထိပါ ပူးတွဲချမှတ်ခံရနိုင်ပါတယ်။ဥပဒေတင်းကြပ်တဲ့ စင်ကာပူနိုင်ငံမှာ အပျော်သဘောနဲ့ဖြစ်စေ၊ ဒေါသအလျောက်ဖြစ်စေ အများပြည်သူပိုင်ပစ္စည်းတွေကို မဖျက်ဆီးမိဖို့ အထူးသတိပြုကြစေလိုပါတယ်။

news-view-count-icon

15