မြန်မာ့သရုပ်ဆောင်မင်းသားများဖြစ်သည့် နေတိုး၊ပြေတီဦးနဲ့ဒါရိုက်တာဝိုင်းတို့ဟာ ယနေ့ ဇန်နဝါရီလ ၄ရက်၌ နိုင်ငံတော်ကချီးမြှင့်တဲ့ စည်သူဘွဲ့ရရှိသူ များထဲမှာ ပါဝင်ခဲ့ကြပါတယ်။ စည်သူဘွဲ့ရရှိသူများသည် နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူတွေကို ပြည် ထောင်စုစည်သူသင်္ဂဟဘွဲဖြစ်တဲ့ စည်သူဘွဲ့ကို ချီးမြှင့်ခံရတာဖြစ်ပါသည်။ စည်သူဘွဲ့တွင် ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်တဲ့ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မိုမိုမြင့်အောင်၊ ရန်အောင်၊ မေသန်းနု၊ ပြေတီဦး၊ နေတိုးတို့ပါဝင်ခဲ့ကြတာဖြစ်ပါသည်။အလင်္ကာကျော်စွာဘွဲ့ပေးခံရသူများထဲတွင်လည်း လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည် တို့ ပါဝင်တာ တွေ့ရပါတယ်။



