ရှမ်းပြည်နယ်၊ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ နေရပ်စွန်ခွာ စခန်း ၁၃ ခုအတွက် သောက်သုံးရေ ရရှိစေရန်နှင့် စခန်း ၂ ခုအတွက် ခန်းမ ဆောင် ဆောက်လုပ်ရန် စုစုပေါင်း ကျပ်သိန်း (၄၆၀) အား Clean Yangon က ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ပေးအပ်ခဲ့သည်။ကရင်နီပြည်နယ် နှင့် ရှမ်း - ကရင်နီ နယ်စပ်တို့ရှိ နေရပ်စွန့်ခွာရသူ များသည် နှစ်စဥ် ဆောင်းရာသီနှင့် နွေရာသီ ရောက်တိုင်း သောက်သုံးရေ ရှားပါးမှု ပြဿနာကို ကြုံ တွေ့ရသည်။အဆိုပါ အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ စခန်း ၁၃ ခုအား (၄) လတာ သောက်သုံးရေ ရရှိရေးအတွက် စခန်းတစ်ခုလျှင် သိန်း ၂၀၊ သိန်း ၃၀၊ သိန်း ၄၀ စီဖြင့် စုစုပေါင်း ကျပ် သိန်း ၄၆၀ ပေးအပ်ခဲ့သည်။" ကျနော်တို့မှာက ဆောင်းနဲ့ နွေရာသီ ဆိုရင် စားသောက်ရေးအပြင် ရေအတွက်ပါ ပူရတယ်။ အခုလို ကူညီပေးတော့ တစ်နွေစာတော့ စိတ်အေးရတာပေါ့ " ဟု မေတ္တာရောင်ခြည် စခန်း၏ တာဝန်ခံက ပြောသည်။ 
ဖယ်ခုံမြို့နယ် နေရပ်စွန့်ခွာ စခန်း (၁၃)ခုအတွက် သောက်သုံးရေ ရရှိရန် Clean Yangon က ကျပ်သိန်း ၄၆၀ ပေးအပ်
Jan 04 • 2:07 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 20 | 0 | 0 | 0 |


