ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၂၈)ကြိမ်မြောက်လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ရေပူစမ်းစံပြကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။ထို့နောက် လားဟူတိုင်းရင်းသား မောင်မယ်၊ လူငယ်များက သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို ရိုးရာလက်ဆေးမင်္ဂလာခံယူကာ လားဟူတိုင်းရင်းသား မောင်မယ် လူငယ်များက ရိုးရာမြေဝိုင်း အက၊ ခေတ်ပေါ်အဆိုအက၊ ဗူးပလွေမြေဝိုင်း အကများဖြင့် ကပြဖျော်ဖြေကာ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။အဆိုပါ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေ၊ ဝတ်စား ဆင်ယင်မှုနှင့် ရိုးရာဓလေ့များအား လေးစားဂုဏ်ယူနိုင်စေရန်၊ တိမ်မြှုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသော လားဟူ တိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
Jan 04 • 2:05 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 58 | 0 | 0 | 0 |


