back

ရန်ကုန် ပြည်သူ့ရင်ပြင်၌ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ပြုလုပ်

Jan 04 • 1:17 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန် ပြည်သူ့ရင်ပြင်၌ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲက ကြီးမှူးကျင်းပတဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက်၊ မနက် ၄ နာရီကျော်မှာ ရန်ကုန်မြို ၊ ပြည်သူ့ရင်ပြ...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲက ကြီးမှူးကျင်းပတဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက်၊ မနက် ၄ နာရီကျော်မှာ ရန်ကုန်မြို ၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပ ပြုလုပ်ပါတယ်။ဦးစွာ အလံတင် အခမ်းအနား စစ်ရေးပြ အစီအစဉ်မှာတော့ အလံတင် တပ်စုဟာ စုရပ်ကနေ သတ်မှတ်လမ်းကြောင်းအတိုင်း သတ်မှတ်နေရာကို ချီတက်ပါတယ်။အဲဒီနောက် အလံတင် တပ်စု တပ်ကြပ်ကြီးဟာ တပ်စုနောက် ညာဘက်ကနေ ထွက်လာပြီး စင်မြင့်ရှိ အလံတိုင် နောက် ၂ လှမ်းအကွာမှာ ရပ်ကာ အလေးပြု အလံတိုင် ကြိုးမှာ အလံရွက်ကို ခိုင်အောင် စနစ်တကျ ချည်နှောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ အလံတင်တပ်စုက နိုင်ငံတော် အလံကို အလေးပြုကာ တပ်စု တပ်ကြပ်ကြီးကခရာသံ စတင်တာနဲ့ အလံကို တိုင်ထိပ်ကို ဖြေညှင်းစွာ ဆွဲတင်ခဲ့ကာ တက်ရောက်လာကြသူတွေက ဦးညွတ်ခဲ့ကြပါတယ်။ဆက်လက်ပြီး မနက် ၇ နာရီမှာတော့ နိုင်ငံတော် အလံ အလေးပြု အခမ်းအနား နဲ့ လွတ်လပ်ရေး နေ့ သဝဏ်လွှာ ဖတ်ကြားမှာ ဖြစ်တယ်လို သိရပါတယ်။

news-view-count-icon

25