ယနေ့ ညနေက တက္ကသိုလ်ကွင်းတွင် ကျင်းပခဲ့သည့် ကချင်ယူနိုက်တက်အသင်းနှင့် Glory Goal အသင်းတို့ပွဲစဉ်၏ AYA Pay Man of the Match အကောင်းဆုံးဆုကို Glory Goal အသင်း၏ တိုက်စစ်မှူး Germain Messomo က ရရှိခဲ့သည်။Myanmar National League ll 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-9 အဖြစ် ယှဉ်ပြိုင်ခဲ့သည့် ယနေ့ပွဲစဉ်တွင် Glory Goal အသင်းက ကချင်ယူနိုက်တက်အသင်းကို ၎င်း၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။



