back

စင်ကာပူ ထီလုပ်ငန်း Singapore Pools မှ ကံထူးရှင် ၃ ဦး ထွက်ပေါ်ခဲ့

Jan 03 • 4:35 PM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ ထီလုပ်ငန်း Singapore Pools မှ ကံထူးရှင် ၃ ဦး ထွက်ပေါ်ခဲ့

၂၀၂၆ ဇန်နဝါရီလတွင် စင်ကာပူ ထီလုပ်ငန်း Singapore Pools မှ ဖွင့်ခဲ့သည့် Toto ထီ ဂျက်ပေါ့ ဆုကြေးသည် စင်ကာပူဒေါ်လာ ၈ သန်း နီးပါး (S$7,960,105) ရှိပြီး ကံထူးရှင် ၃ ဦ...

၂၀၂၆ ဇန်နဝါရီလတွင် စင်ကာပူ ထီလုပ်ငန်း Singapore Pools မှ ဖွင့်ခဲ့သည့် Toto ထီ ဂျက်ပေါ့ ဆုကြေးသည် စင်ကာပူဒေါ်လာ ၈ သန်း နီးပါး (S$7,960,105) ရှိပြီး ကံထူးရှင် ၃ ဦး ထွက်ပေါ်ခဲ့သည်။ အညီအမျှ ခွဲဝေပေးခဲ့ရာ တဦးလျှင် စင်ဒေါ်လာ ၂.၇ သန်းနီးပါး S$2,653,368.) ရရှိခဲ့သည်။ ကနဦး မူလ ဆုကြေးမှာ စင်ဒေါ်လာ ၅ သန်း ဖြစ်ပြီး ယခင်အကြိမ်တွင် ကံထူးရှင် မ‌ရှိခဲ့သဖြင့် ၎င်းအကြိမ်မှ ဆုကြေးကို ယခုအကြိမ်တွင် ပေါင်းထည့်ပေးခဲ့ရာ ခန့်မှန်းဆုကြေး စင်ဒေါ်လာ ၆.၈ သန်း ဖြစ်လာသည်။ ရောင်းအားအရ ဆုကြေး ထပ်တိုးခဲ့ရာ နောက်ဆုံး၌ စင်ဒေါ်လာ ၈ သန်းနီးပါးသို့ ရောက်ရှိခဲ့သည်။





news-view-count-icon

2