back

ဂျပန်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက တောင်တန်းဒေသတွေမှာ နှင်းထူထပ်နိုင်တယ်လို့ ခန့်မှန်း

Jan 03 • 4:36 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက တောင်တန်းဒေသတွေမှာ နှင်းထူထပ်နိုင်တယ်လို့ ခန့်မှန်း

ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ အဓိကအားဖြင့် တောင်တန်းဒေသတွေမှာ ဒီဇင်ဘာလ ၃ ရက် စနေနေ့အထိ နှင်းထူထပ်နိုင်တယ်လို့ မိုးလေဝသအရာရှိတွေက ခန့်မှန်းထားပ...

ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ အဓိကအားဖြင့် တောင်တန်းဒေသတွေမှာ ဒီဇင်ဘာလ ၃ ရက် စနေနေ့အထိ နှင်းထူထပ်နိုင်တယ်လို့ မိုးလေဝသအရာရှိတွေက ခန့်မှန်းထားပါတယ်၊၊ အေးစက်ပြင်းထန်တဲ့ လေထုကြီးနဲ့ ဆောင်းရာသီလေဖိအားပုံစံကြောင့် အဓိကအားဖြင့် ဂျပန်အရှေ့ပိုင်းကနေ အနောက်ပိုင်းအထိ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ နှင်းထူထူထဲထဲ ကျနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ နှင်းစုပုံမှုပမာဏဟာ သောကြာနေ့ မွန်းလွဲ ၂ နာရီအထိ Niigata ခရိုင် Itoigawa မြို့မှာ ၆၅ စင်တီမီတာ၊ Fukui ခရိုင် Minamiechizen မြို့နဲ့ Hiroshima ခရိုင် Shobara မြို့မှာ ၃၇ စင်တီမီတာနဲ့ Ishikawa ခရိုင် Suzu မြို့မှာ ၂၃ စင်တီမီတာအထိ ရှိခဲ့ပါတယ်။




news-view-count-icon

1