ဂျပန်နိုင်ငံ၊ အာအိချိ(Aichi) စီရင်စု၊ မိဟားမားမြို့နယ်(Mihama) က ကြက်ခြံတစ်ခုမှာ ဒီဇင်ဘာလ ၃ ရက် ယနေ့ မနက်စောစောပိုင်းက ကြက်ခြံနှစ်လုံး မီးလောင်ကျွမ်းခဲ့တာကြောင့် ကြက်အကောင်ရေ ၁သိန်း(၁၀သောင်း)ခန့် သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။ မီးကို ၃ နာရီခန့်အကြာမှာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ သစ်သားနဲ့ဆောက်ထားတဲ့ ကြက်ခြံနှစ်လုံးဟာ စုစုပေါင်း ၂၁၀၀ စတုရန်းမီတာခန့် အကုန်လုံး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ ဒီမီးလောင်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ ကြက်ခြံထဲက ကြက်အကောင်ရေ ၁သိန်း(၁၀သောင်း)ခန့်ဟာ သေဆုံးသွားခဲ့ပြီလို့ ယူဆရပါတယ်။ ရဲတပ်ဖွဲ့က မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါသည်။


