နှစ်သစ်ကူးအားလပ်ရက်များတွင် တရုတ်ခရီးသွားဧည့်သည်များက ဆောင်းရာသီ နာမည်ကျော်ခရီးစဉ်ဒေသအမျိုးမျိုးသို့ ဦးတည်သွားကြသလို နိုင်ငံ အရှေ့မြောက်ပိုင်း ရေခဲနှင့် ဆီးနှင်းနေရာများမှ နိုင်ငံတောင်ပိုင်းရှိ နေရောင်တောက်ပ၍ အပူပိုင်းကမ်းခြေနေရာများအထိတိုင်အောင် နေရာစုံသို့ သွားလာခရီးပြုခဲ့ကြသည်။ လျောင်နင်ပြည်နယ် ပန်ရှီး မန်ချူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ခရိုင်ရှိ ယွင်ဆန်း စကိတ်စီးအပန်းဖြေစခန်းသည် ဆောင်းရာသီအားကစားနည်းများ ပွင့်လင်းရာသီဖြင့် နိုးကြားလျက်ရှိသည်။ ကွေ့ကွေ့ကောက်ကောက်ပြေးလမ်း ခြောက်လမ်းရှိသော ကုန်းလျှောတစ်လျှောက်တွင် ဆီးနှင်းများ ထူထပ်ကျစ်လစ်စွာ တည်ရှိနေကာ စကိတ်စီးဝါသနာရှင်များအတွက် အသင့်တော်ဆုံးအခြေအနေ ဖြစ်နေခဲ့သည်။ ယခုအခါ ခရီးသွားဧည့်သည်များ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန် စကိတ်စီးအပန်းဖြေစခန်းနှင့် ရေပူစမ်း စုပေါင်းအစီအစဉ်ဖြင့်လည်း မိတ်ဆက်ထားကြောင်း သိရသည်။



