(မူလ၊အလယ်တန်းဆင့် Grade-(5 / 9) စာမေးပွဲကို (၂၃-၂-၂၀၂၆)ရက် နေ့မှ (၂၈-၂-၂ဝ၂၆)ရက်နေ့အတွင်း ကျင်းပရန်ဖြစ်ပါသည်။ (ပိတ်ရက်မပါ)ကျန်ရှိသော အတန်းများ (Grade 4/6/7/8/10/11) ကျောင်းတွင်းစစ် စာမေးပွဲများကို (၄-၂-၂၀၂၆)ရက်နေ့မှ (၁၁-၂-၂ဝ၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။ကျောင်းတွင်း အထက်တန်းဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း Grade-12 စာမေးပွဲကို(၄-၂-၂ဝ၂၆)ရက်နေ့မှ (၁၁-၂-၂၀၂၆)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။Grade-12 Final ဗဟို အစိုးရစစ် စာမေးပွဲကြီးကို (၁၁.၃.၂၀၂၆)ရက်နေ့မှ (၁၇.၃.၂၀၂၆)ရက်နေ့ထိ ကျင်းပရန်ဖြစ်ပါသည်။ တနင်္ဂနွေနေ့ ပိတ်ရက်ပါ။အောင်စာရင်း သီးသန့်ကြေညာမည်ဖြစ်ပါသည်။အခြေခံပညာအတန်းအားလုံး၏ (Grade-4မှGrade-11)ထိ အောင်စာရင်းများကို မိမိ သက်ဆိုင်ရာကျောင်းများတွင် (၁၄-၅-၂၀၂၆)ရက်နေ့တွင် ထုတ်ပြန်ပေးရန် ဖြစ်ပါသည်။



