လားရှိုးမြို့ကို ဒေသတွင်း ပြန်လာကြသည့် ဒေသခံများ ယနေ့အထိ လျှပ်စစ်မီး မရရှိမှု၊ စားသောက်ကုန် စျေးနှုန်း မြှင့်တက်မှုများကြောင့် ခက်ခဲနေကြ ကြောင်း ဒီဇင် ဘာ(၃)ရက်ကသိရသည်။လက်ရှိအစိုးရမှ မြို့တွင်းလျှပ်စစ်မီးပြန်လည် သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သတင်းရသော်လည်း မြို့တွင်းပြန်လာပြီး ယနေ့ထိ လျှပ်စစ်မီးမရသေးကြောင်း ဒေသခံကဆိုသည်။ထို့အပြင် လားရှိုးမြို့တွင် စားသောက်ကုန် စျေးနှုန်းမြှင့်တက်နေပြီးခရမ်းချည်သီး(၁)ပိဿာ တစ်သောင်းကျော်ပေးဝယ်ရသည့်အပြင် ဆိုင်တွင် ဖုန်းအားသွင်းခ တစ်ခါသွင်း(၁)ထောင်ကျပ် ပေးသွင်းရကြောင်း သိရပါသည်။



