back

AYA Pay Woman Of The Match ဆုကို Thitsar Arman အသင်းမှ Hat-Trick သွင်းယူပေးနိုင်ခဲ့သည့် ၀င်း၀င်းကရရှိ

Jan 03 • 3:25 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

AYA Pay Woman Of The Match ဆုကို Thitsar Arman အသင်းမှ Hat-Trick သွင်းယူပေးနိုင်ခဲ့သည့် ၀င်း၀င်းကရရှိ

‎Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-12) ဘောလုံးပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေက TF1ကွင်းတွင် Yangon City အသင်းနှင့် Thitsar Arman အသင်းတို့ယ...

‎Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-12) ဘောလုံးပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေက TF1ကွင်းတွင် Yangon City အသင်းနှင့် Thitsar Arman အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး Thitsar Arman အသင်းက Yangon City အသင်းကို ၃ဂိုး၊၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။အဆိုပါပွဲစဉ်၏ AYA Pay Woman Of The Match ဆုကို Thitsar Arman အသင်းမှ အသင်းအတွက် Hat-Trick သွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့သည့် ကျောနံပါတ် (၇) ၀င်း၀င်း ကရရှိခဲ့သည်။အကောင်းဆုံးကစားသမားဆုအတွက် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်းရရှိပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဒေါ်သက်ထားအောင်က ချီးမြှင့်ပေးခဲ့သည်။ 





news-view-count-icon

28