back

မြဝတီမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုက အဓမ္မပြုကျင့်မှုဖြစ်ပွား ၊ ကျူးလွန်သူ ကိုဖမ်းဆီး

Jan 03 • 3:25 PM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုက အဓမ္မပြုကျင့်မှုဖြစ်ပွား ၊ ကျူးလွန်သူ ကိုဖမ်းဆီး

ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံ​တွေဆီကသိ...

ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံ​တွေဆီကသိရပါတယ်။ အဓမ္မပြုကျင့်ခဲ့တဲ့ အကိုဖြစ်သူက အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းက ကျူးလွန်သူကို ဖမ်းဆီး ထိန်းသိမ်းလိုက် တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဓမ္မပြုကျင့် ခဲ့တဲ့ အကိုဖြစ်သူကို ရဲစခန်းမှာ ထိန်းသိမ်းထား ပြီး အရေးယူနိုင်ရေး အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဆက်လက် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ 




news-view-count-icon

30