ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီခွဲမှာရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ အသက် ၃ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ် ၁ ဦးက အပြေးလွန်ရာကနေ အရှိန်မထိန်းနိုင်တော့ပဲ ကမ်းပေါ်ကနေ ပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။အခုလို ဖြစ်စဉ်မျိုး ထပ်မဖြစ်ရလေအောင် မိဘတွေအနေနဲ့ မိမိကလေးကို ကားလမ်းမပေါ်မှာ ပေးမထွက်ပဲ ဂရုတစိုက်နဲ့ ကြည့်ရူစောင့်ရှောက်ဖို့ကိုလည်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။



