ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဖဝေါကျေးရွာတွင် မုဒိမ်းမှုနှင့် လူသတ်မှု ကျူးလွန်သူ တရားခံ မြန်မာနိုင်ငံသားတစ်ဦးအား နေရပ်ပြန်ပို့ခဲ့သည့် မဲဆောက် လဝကကို သက်ဆိုင်ရာက ခုံရုံးဖွဲ့၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ခေါင်စွတ်သတင်းတွင် ဖော်ပြသည်တရားခံ မြန်မာနိုင်ငံသားမှာ အသက် ၅၀ အရွယ်ရှိ ထွန်းသာအောင်ဆိုသူဖြစ်သည်။ ဖဝေါရဲတပ်ဖွဲ့က ၎င်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က အလုပ်ရှင်ဟောင်း ထိုင်းအမျိုးသမီးကို အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၁၃ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု သေဆုံးသူ၏ သမီးက ပြောသည်။ထိုသို့ နေရပ်ပြန်ပို့ပြီး ၂ ရက်အကြာ နိုဝင်ဘာ ၁၈ ရက်တွင် ဖဝေါရဲတပ်ဖွဲ့က တရားရုံးသို့ ဖမ်းဝရမ်းတောင်းခံကာ အမှုဖွင့်လှစ်ရန်ဆောင်ရွက်ချိန်၌ တရားခံက ထိုင်းနိုင်ငံတွင် မရှိတော့သဖြင့် သေဆုံးသူ၏ သမီးက မိခင်သေဆုံးခဲ့ရမှုအတွက် တရားမျှတမှုရရှိစေရန် စိုင်မိုင်တောင့်လော့အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ မဲဆောက်လူဝင်မှုကြီးကြပ် ရေးဌာနကို ခုံရုံးဖွဲ့၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



