ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။ ဒီဇင်ဘာလ ၃ ရက် ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဗင်နီဇွဲလားခေါင်းဆောင် သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၁၁ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတက ကြေညာသည်။



