ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ထန်ယဘူရီမြို့နယ်ရှိ လန်စစ်-နခွန်နာယုတ်လမ်းပိုင်း၊ ခလောင် (၁၅) တံတားအောက်တွင် နေစရာမရှိဘဲ ခိုလှုံနေရသည့် မြန်မာမိသားစုတစ်စုကို အီဗန်ခေါင် (E-Vun) လူမှုကွန်ရက်စာမျက်နှာအက်ဒမင် Mr. ဟာဒစ်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် ညပိုင်းတွင် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါမိသားစုတွင် မိခင်ဖြစ်သူနှင့်အတူ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ၅ နှစ်အရွယ် သားငယ်တစ်ဦးတို့ ပါဝင်ပြီး ဖခင်ဖြစ်သူမှာ နေ့စဉ်အရက်သေစာသောက်စားကာ ရိုက်နှက်နှိပ်စက်လေ့ရှိသဖြင့် အိမ်မှထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့သားအမိသုံးဦးကို Mr. ဟာဒစ်က ၎င်း၏နေအိမ်၌ ခေတ္တခေါ်ယူစောင့်ရှောက်ထားပြီး မိခင်ဖြစ်သူအတွက် နေစရာနှင့် အလုပ်အကိုင်ရရှိစေရန်ပါ ဆက်လက်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံတွင် နေစရာမရှိ၍တံတားအောက်၌ ခိုလှုံနေရသည့် မြန်မာမိသားစုကို ထိုင်းနိုင်ငံသားတစ်ဦးက ကူညီပေးခဲ့
Jan 03 • 4:12 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


