ဆွစ်ဇာလန်နိုင်ငံ ခရန်စ်-မွန်တာနာရှိ Le Constellation ဘားတွင် နှစ်သစ်ကူးညပါတီကျင်းပစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄၀ ကျော်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအများစုမှာ ရုပ်အလောင်းများ ဆိုးရွားစွာမီးလောင်ကျွမ်းထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် သွားနှင့် DNA နမူနာများကို အသုံးပြု၍ စုံစမ်းစစ်ဆေးနေရသောကြောင့် အမည်စာရင်းထုတ်ပြန်ရန် ရက်အနည်းငယ် ထပ်မံကြာမြင့်နိုင်မည်ဖြစ်သည်။ အဆိုပါဖြစ်ရပ်တွင် အီတလီနှင့် ပြင်သစ်အပါအဝင် နိုင်ငံခြားသားအချို့လည်း ပါဝင်နေသဖြင့် သက်ဆိုင်ရာသံရုံးများက အနီးကပ်စုံစမ်းလျက်ရှိပြီး၊ ယခုမီးလောင်မှုမှာ ဆွစ်ဇာလန်နိုင်ငံ၏ အဆိုးရွားဆုံး ကပ်ဘေးတစ်ခုဖြစ်ကာ မီးလောင်ရသည့်အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
ဆွစ်ဇာလန်နှင်းလျှောစီးအပန်းဖြေစခန်းရှိ ဘားမီးလောင်မှုကြောင့် လူ ၄၀ ကျော်သေဆုံးပြီး သေဆုံးသူမည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်ရန် အခက်အခဲဖြစ်ပေါ်နေ
Jan 03 • 4:11 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


