back

ချယ်လ်ဆီးတောင်ပံကစားသမား စတာလင် ဝက်စ်ဟမ်း၏ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဖူလ်ဟမ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေ

Jan 03 • 4:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချယ်လ်ဆီးတောင်ပံကစားသမား စတာလင် ဝက်စ်ဟမ်း၏ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဖူလ်ဟမ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေ

ချယ်လ်ဆီးအသင်းတွင် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသည့် အသက် ၃၁ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမား စတာလင်သည် ဝက်စ်ဟမ်းအသင်း၏ အငှားဖြင့်ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပ...

ချယ်လ်ဆီးအသင်းတွင် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသည့် အသက် ၃၁ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမား စတာလင်သည် ဝက်စ်ဟမ်းအသင်း၏ အငှားဖြင့်ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး ဖူလ်ဟမ်အသင်းသို့ ပြောင်းရွှေ့ရန် ပိုမိုစိတ်အားထက်သန်နေကြောင်း သိရသည်။ စတာလင်သည် ဝက်စ်ဟမ်းအသင်းမှာ တန်းဆင်းဇုန်အတွင်း ရုန်းကန်နေရသဖြင့် ပြောင်းရွှေ့ရန် ငြင်းဆိုခဲ့ခြင်းဖြစ်ကာ အဆင့် ၁၁ နေရာတွင်ရှိနေသည့် ဖူလ်ဟမ်၏ ကမ်းလှမ်းမှုကို စောင့်မျှော်နေခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းအနေဖြင့်လည်း တစ်ပတ်လစာ ပေါင် ၃ သိန်းကျော်ပေးချေနေရသည့် စတာလင်ကို အမြန်ဆုံးရောင်းထုတ်လိုနေပြီး ၎င်းကိုခေါ်ယူရန် ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း စိတ်ဝင်စားမှုရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

30