back

၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု ၇၃ မှုဖြစ်ပွားပြီး လူ ၃၃ ဦး သေဆုံးခဲ့

Jan 03 • 4:04 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု ၇၃ မှုဖြစ်ပွားပြီး လူ ၃၃ ဦး သေဆုံးခဲ့

၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု စုစုပေါင်း ၇၃ မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်များအပါအဝင် လူ ၃၃ ဦး သေဆုံးကာ ၂၀၆ ဦး ...

၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု စုစုပေါင်း ၇၃ မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်များအပါအဝင် လူ ၃၃ ဦး သေဆုံးကာ ၂၀၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယင်းအပြင် ယာဉ်မီးလောင်မှု ၁၁ မှု ဖြစ်ပွားခဲ့သော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုနှင့် သေဆုံးသူအရေအတွက် လျော့နည်းသွားကြောင်း သိရပြီး၊ ဒီဇင်ဘာလကုန်ပိုင်းတွင်လည်း ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဝင်တိုက်မှုကြောင့် လူ ၇ ဦး ဒဏ်ရာရရှိသည့် ဖြစ်စဉ်များ ရှိခဲ့သဖြင့် ယာဉ်မောင်းသူများအနေဖြင့် အထူးသတိပြုမောင်းနှင်ရန် လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

51