back

ပညာရေးကဏ္ဍတွင် "မူပြ၊ လယ်ပြ၊ ထက်ပြ" အခေါ်အဝေါ်စနစ်ဟောင်းသို့ ပြန်လည်ပြောင်းလဲရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်

Jan 03 • 4:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပညာရေးကဏ္ဍတွင် "မူပြ၊ လယ်ပြ၊ ထက်ပြ" အခေါ်အဝေါ်စနစ်ဟောင်းသို့ ပြန်လည်ပြောင်းလဲရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်

လက်ရှိအသုံးပြုနေသော ပညာရေးအခေါ်အဝေါ်များကို ပြန်လည်သုံးသပ်၍ ယခင်အသုံးပြုခဲ့သည့် “မူပြ၊ လယ်ပြ၊ ထက်ပြ” စနစ်သို့ ပြန်လည်ပြောင်းလဲရန် စီစဉ်နေကြောင်း ဖောင်ကြီးသင်တန်...

လက်ရှိအသုံးပြုနေသော ပညာရေးအခေါ်အဝေါ်များကို ပြန်လည်သုံးသပ်၍ ယခင်အသုံးပြုခဲ့သည့် “မူပြ၊ လယ်ပြ၊ ထက်ပြ” စနစ်သို့ ပြန်လည်ပြောင်းလဲရန် စီစဉ်နေကြောင်း ဖောင်ကြီးသင်တန်းများရှိ ပြောကြားချက်များကို ကိုးကား၍ သတင်းများထွက်ပေါ်လျက်ရှိသည်။ ယင်းကဲ့သို့ ရင်းနှီးကျွမ်းဝင်ပြီးသား အခေါ်အဝေါ်များသို့ ပြန်လည်ပြောင်းလဲခြင်းသည် စီမံခန့်ခွဲမှုနှင့် သင်ကြားရေးလုပ်ငန်းများတွင် ပိုမိုနားလည်လွယ်ကူစေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း၊ အဆိုပါအစီအစဉ်နှင့် ပတ်သတ်၍ သက်ဆိုင်ရာမှ တရားဝင်အတည်ပြုချက် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

34