ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ ရေပူစမ်းစံပြကျေးရွာတွင် (၂၈) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါပွဲတော်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဂုဏ်ပြုစကားပြောကြားခဲ့ပြီး လားဟူလူငယ်များက သက်ကြီးရွယ်အိုများအား ရိုးရာလက်ဆေးမင်္ဂလာပြုလုပ်ခြင်း၊ ဗူးပလွေတီးမှုတ်ခြင်းနှင့် "ကာခေ့" ဟုခေါ်သော ရိုးရာမြေဝိုင်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ လားဟူမျိုးနွယ်စုဝင်များ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန်နှင့် တိမ်မြှုပ်နေသော ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ လားဟူမျိုးနွယ်စု (၂၀) ကျော်မှ တိုင်းရင်းသားများ စုပေါင်းဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ (၂၈) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ
Jan 03 • 4:06 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 41 | 0 | 0 | 0 |


