ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဝိသုဒ္ဓါရုံပိဋကတိုက်ကြီးကို ရှေးမူမပျက် ပြန်လည်ပြုပြင်ထားရှိမှု အခြေအနေများကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးနှင့်တကွ ဝိဇ္ဇာလင်္ကာရဆရာတော်၊ အဝေရာရာမရန်ကင်းဆရာတော်တို့က ဇန်နဝါရီ ၂ ရက် တွင် ကြည့်ရှုစစ်ဆေးတော်မူခဲ့ကြောင်း သိရသည်။ အဆိုပါ ကြည့်ရှုစစ်ဆေးမှုတွင် ဆရာတော်ကြီးများက ဝိသုဒ္ဓါရုံစံကျောင်းပိဋကတိုက်၌ ကမ္ပည်းရေးထိုးမည့် “စံကျောင်းပိဋကတိုက် သမိုင်းမော်ကွန်း” စာသားများကိုလည်း တည်းဖြတ်အတည်ပြုပေးခဲ့ကြကြောင်း ဆရာတော်ဘုရားကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဝိသုဒ္ဓါရုံပိဋကတိုက်ကြီး ရှေးမူမပျက် ပြုပြင်ပြီးစီးမှုကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ကြည့်ရှုစစ်ဆေး
Jan 03 • 1:38 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 38 | 0 | 0 | 0 |


