back

ပြည်တွင်းအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်များအဖြစ် ရွေးခံရသူများ စာရင်းကို UEC စတင်ထုတ်ပြန်

Jan 03 • 1:37 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်များအဖြစ် ရွေးခံရသူများ စာရင်းကို UEC စတင်ထုတ်ပြန်

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်ပြီး အပိုင်းလိုက် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း...

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်ပြီး အပိုင်းလိုက် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံရသူများစာရင်းကို ယနေ့ ဇန်နဝါရီ ၂ ရက်‌နေ့ ညပိုင်း၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ကြေညာပါတယ်။ကြေညာချက်များအရ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် (၄၀)ဦး ၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP) အတွက် ကိုယ်စားလှယ် (၁)ဦး၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP) အတွက် ကိုယ်စားလှယ် (၁၅)ဦးတို့၏ အမည်စာရင်းများ ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်ပါတယ်။ယခု ကြေညာခဲ့မှုတွင် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၁ (က) နှင့် ပုဒ်မ ၄၉ (ခ) ဟူ၍ ၂ မျိုးခွဲကာ ကြေညာခဲ့ပြီး ပုဒ်မ ၄၁(က) အရ ရွေးချယ်ခံရသူ (၁၅) ဦး ရှိကာ ပုဒ်မ ၄၉ (ခ) အရ ရွေးကောက်တင်မြှောက်ခံရသူ ၂၅ ဦး ရှိတာကိုလည်း ထုတ်ပြန်ချက်တွင် တွေ့ရပါတယ်။

Lကျန်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကိုတော့ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများ၏ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၁ (က) နှင့်အညီ ထုတ်ပြန်ကြေညာချက်များအရ ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Lပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၁(က) အရ မဲဆန္ဒနယ်တစ်နယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ် အတွက် ရွေးကောက်ပွဲကျင်းပခြင်း မပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက ကြေညာရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီးဖြစ်ကာ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့၌ မြို့နယ် ၁၀၀ နှင့် အပိုင်း ၃ ကို ဇန်နဝါရီလ ၂၆ ရက်နေ့၌ မြို့နယ် ၆၃ မြို့နယ်တို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

news-view-count-icon

35