မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၉ ရက်တို့တွင် ဘီးလင်းမြို့နယ် သကြားစက်လမ်းဆုံ၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၂၇ မျိုး၊ စားသောက်ကုန်ပစ္စည်း ၂၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၇,၆၂၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Charm Truck တစ်စီး၊ Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာအနီး၌ လိုင်စင်မဲ့ထော်လာဂျီတစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၅၂၄,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် လိုင်စင်မဲ့ထော်လာဂျီတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့နယ် မြိုင်သာယာ ရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၉,၆၄၈,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



