back

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအတွက် လူငယ်များကို ကမ္ဘောဒီးယားသို့ လူကုန်ကူးခဲ့သူ ဇနီးမောင်နှံကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

Jan 03 • 1:30 AM

breaking-news

မြန်မာ

မန္တလေး

cover

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအတွက် လူငယ်များကို ကမ္ဘောဒီးယားသို့ လူကုန်ကူးခဲ့သူ ဇနီးမောင်နှံကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှ လူငယ် ၄ ဦးအား ကမ္ဘောဒီးယား Slot Game လုပ်ငန်းတွင် လစာကောင်းရမည်ဟု လိမ်လည်စည်းရုံးကာ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့သည...

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှ လူငယ် ၄ ဦးအား ကမ္ဘောဒီးယား Slot Game လုပ်ငန်းတွင် လစာကောင်းရမည်ဟု လိမ်လည်စည်းရုံးကာ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့သည့် ဒေါ်ဇာဇာစန်းနှင့် ဦးခင်မောင်လွင်တို့အား ကျောက်ဆည်ခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။ ပို့ဆောင်ခံရသည့် လူငယ်များမှာ ကမ္ဘောဒီးယားနိုင်ငံ၌ နှိပ်စက်ခြိမ်းခြောက်ခံရခြင်း၊ ဒိုက်ထိုးခိုင်းခြင်းနှင့် အဓမ္မခိုင်းစေခံရခြင်းတို့ ကြုံတွေ့ခဲ့ရပြီး လူငယ်တစ်ဦး၏ မိသားစုက ငွေကျပ် ၁၀၅ သိန်း ပေးလျော်ခဲ့ရမှသာ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအမှုတွင် ပါဝင်ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် စွမ်းလင်းထက် အပါအဝင် တရားခံ ၃ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေအရ ဝရမ်းထုတ်ဆင့်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

news-view-count-icon

24