back

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် (၁၁) မြို့နယ်၌ အပိုင်း (၂) အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်

Jan 03 • 1:28 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် (၁၁) မြို့နယ်၌ အပိုင်း (၂) အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၁) မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၃) ခုတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မဲရုံပေါင်...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၁) မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၃) ခုတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မဲရုံပေါင်း (၁၁၆) ရုံဖြင့် ကျင်းပသွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ တိုင်းဝန်ကြီးချုပ်က မဲဆန္ဒရှင်များ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ရေးအတွက် စာရင်းအမှတ်စဉ်များ ကြိုတင်အသိပေးရန်နှင့် အပိုင်း (၁) ရွေးကောက်ပွဲ၏ အတွေ့အကြုံများကို သင်ခန်းစာယူ၍ ရာနှုန်းပြည့်မဲပေးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။ လက်ရှိတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ကလေး၊ ကသာ၊ စစ်ကိုင်းနှင့် မုံရွာစသည့် ခရိုင်အသီးသီးရှိ ကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို အနီးကပ်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

15