back

ထိုင်းလေကြောင်းခရီးသွားများအတွက် ဝင်/ထွက်ခကြေးကို ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ၂၅ ဘတ်သို့ တိုးမြှင့်ကောက်ခံမည်

Jan 03 • 1:16 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းလေကြောင်းခရီးသွားများအတွက် ဝင်/ထွက်ခကြေးကို ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ၂၅ ဘတ်သို့ တိုးမြှင့်ကောက်ခံမည်

ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်မည့်သူများနှင့် ပြန်လည်ထွက်ခွာမည့် ခရီးသည်များထံမှ ဝင်/ထွက်ခကြေးအဖြစ် လက်ရှိကောက်ခံနေသော ၁၅ ဘတ်အစား ၂၅ ဘတ်သို့ တိုးမ...

ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်မည့်သူများနှင့် ပြန်လည်ထွက်ခွာမည့် ခရီးသည်များထံမှ ဝင်/ထွက်ခကြေးအဖြစ် လက်ရှိကောက်ခံနေသော ၁၅ ဘတ်အစား ၂၅ ဘတ်သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသားဘက်ဆိုင်ရာ လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) က ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုးမြှင့်ကောက်ခံမှုကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်စရိတ် မြင့်တက်လာခြင်းနှင့် လေကြောင်းလုံခြုံရေး စံချိန်စံညွှန်းများ မြှင့်တင်ရန်အတွက် အစိုးရဘတ်ဂျက်ကို မမှီခိုသည့် CAAT အဖွဲ့၏ ရန်ပုံငွေအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ခရီးသွားများအနေဖြင့် အဆိုပါအခကြေးငွေကို သီးသန့်ပေးဆောင်ရန် မလိုဘဲ လေကြောင်းလိုင်းများက လေယာဉ်လက်မှတ်ခအတွင်း တစ်ပါတည်း ထည့်သွင်းကောက်ခံသွားမည်ဖြစ်သောကြောင့် ဖေဖော်ဝါရီလနောက်ပိုင်း လေယာဉ်လက်မှတ်ဈေးနှုန်းများတွင် အနည်းငယ် ပြောင်းလဲမှုရှိနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

13