back

ဆာဂျီယိုရာမို့စ်က ၎င်း၏ကလပ်ဟောင်း ဆီဗီလာအသင်းကို ဝယ်ယူရန် ကမ်းလှမ်းမှုပြုလုပ်

Jan 03 • 1:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆာဂျီယိုရာမို့စ်က ၎င်း၏ကလပ်ဟောင်း ဆီဗီလာအသင်းကို ဝယ်ယူရန် ကမ်းလှမ်းမှုပြုလုပ်

စပိန်နောက်ခံလူကြီး ဆာဂျီယိုရာမို့စ်သည် ဘဏ္ဍာရေးအခက်အခဲနှင့် ရင်ဆိုင်နေရသော ၎င်း၏ကလပ်ဟောင်း ဆီဗီလာအသင်းကို ဝယ်ယူရန်အတွက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုနှင့် ပူ...

စပိန်နောက်ခံလူကြီး ဆာဂျီယိုရာမို့စ်သည် ဘဏ္ဍာရေးအခက်အခဲနှင့် ရင်ဆိုင်နေရသော ၎င်း၏ကလပ်ဟောင်း ဆီဗီလာအသင်းကို ဝယ်ယူရန်အတွက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ အမြောက်အမြားဖြင့် ကမ်းလှမ်းထားကြောင်း စပိန်မီဒီယာများတွင် သတင်းထွက်ပေါ်နေသည်။ ဆီဗီလာရှယ်ယာရှင်များသည် အသင်းကိုရောင်းချရန် အမေရိကန်ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းရာတွင် အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်း၏လူငယ်စီမံကိန်းမှ ထွက်ပေါ်လာခဲ့သူ ရာမို့စ်က ကမ်းလှမ်းလာခြင်းဖြစ်သည်။ မကြာသေးမီက မွန်တာရေးအသင်းနှင့် လမ်းခွဲထားသည့် ရာမို့စ်သည် အသင်းလက်မဲ့ဖြစ်နေသော်လည်း ကစားသမားဘဝမှ အနားမယူသေးသဖြင့် အကယ်၍ အသင်းကို ဝယ်ယူအောင်မြင်ခဲ့ပါက ဆီဗီလာတွင် ပိုင်ရှင်အဖြစ်သာမက ကစားသမားအဖြစ်ပါ ပြန်လည်ပါဝင်လာနိုင်သည်ဟု ပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါသည်။

news-view-count-icon

27