ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ Department of Business Development (DBD) ရဲ့ ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn က ၂၀၂၆ ခုနှစ်မှာ စီးပွားရေး အရှိန်အဟုန် ကောင်းမွန်မယ့် ‘Rising Star’ လုပ်ငန်းအမျိုးအစား ၁၀ ခုကို ထုတ်ပြန်လိုက်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ်ခေတ် သုံးစွဲသူတွေရဲ့ အမူအကျင့်၊ သက်ကြီးရွယ်အို ဦးရေတိုးပွားလာမှုနဲ့ နည်းပညာအပြောင်းအလဲတွေအပေါ် မူတည်ပြီး ရွေးချယ်ထားတာ ဖြစ်ပါတယ်။အဲဒီ လုပ်ငန်း ၁၀ ခုကို အောက်ပါ အဓိက အုပ်စုကြီး ၃ ခု ခွဲခြားထားပါတယ် -
၁။ Digital Businesses (ဒစ်ဂျစ်တယ်ဆိုင်ရာ လုပ်ငန်းများ)ဒီကဏ္ဍမှာ လုပ်ငန်း ၄ မျိုး ပါဝင်ပါတယ် 1. Online retail/e-commerce: လုပ်ငန်းမှတ်ပုံတင်တာ ကျဆင်းသွားပေမယ့် ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ ၁၆၉% အထိ တက်လာတာကြောင့် အလားအလာ ကောင်းနေဆဲ ဖြစ်ပါတယ်။2. Digital services: e-marketplace တွေနဲ့ ဒေတာစီမံခန့်ခွဲမှု ဝန်ဆောင်မှုတွေ ပါဝင်ပြီး ကုမ္ပဏီအသစ် မှတ်ပုံတင်မှု ၅၈% ကျော် တက်လာပါတယ်။3. Electronics-related manufacturing: EV ကားတွေ၊ 5G/6G ဆက်သွယ်ရေးနဲ့ IoT ပစ္စည်းတွေအတွက် အီလက်ထရွန်နစ် အစိတ်အပိုင်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ၁၄၅% မြင့်တက်လာပါတယ်။
4. Finance and investment: ဘဏ်ခွဲတွေမလိုတဲ့ Virtual bank စနစ်တွေနဲ့ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်ပါတယ်။
၂။ Lifestyle Businesses (လူနေမှုပုံစံဆိုင်ရာ လုပ်ငန်းများ)သုံးစွဲသူတွေရဲ့ စိတ်ခံစားမှုနဲ့ အတွေ့အကြုံကို ဦးစားပေးတဲ့ ဒီကဏ္ဍမှာ လုပ်ငန်း ၅ မျိုး ပါဝင်ပါတယ် -5. Wholesale and retail cosmetics: အွန်လိုင်းရောင်းဝယ်မှု (Social commerce) တွေကြောင့် အလှကုန်လုပ်ငန်းတွေဟာ ဝင်ငွေတိုးတက်မှု ရှိနေပါတယ်။6. Interior design and furniture: ပရိဘောဂနဲ့ အိမ်တွင်းအလှဆင် လုပ်ငန်းတွေဖြစ်ပြီး ထိုင်းပရိဘောဂ ပို့ကုန်ကဏ္ဍဟာ ၉.၃% တိုးတက်ခဲ့ပါတယ်။7. Pet-related products: အိမ်မွေးတိရစ္ဆာန်ကို မိသားစုဝင်လို သဘောထားလာကြတာကြောင့် တိရစ္ဆာန်အစာနဲ့ အသုံးအဆောင်ပစ္စည်း လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ၄၈% တက်လာပါတယ်။
8. Non-alcoholic beverages: ကျန်းမာရေး လိုက်စားလာကြလို့ အယ်လ်ကိုဟော မပါတဲ့ အဖျော်ယမကာ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ၂၁ ဆအထိ အံ့မခန်း တက်လာပါတယ်။9. Film production: ထိုင်းနိုင်ငံရဲ့ Soft power (အထူးသဖြင့် BL/GL စီးရီး) တွေကြောင့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေရဲ့ အသားတင်အမြတ်ငွေဟာ ၁၀၀% ကျော် တက်လာပါတယ်။
၃။ Health-related Businesses (ကျန်းမာရေးဆိုင်ရာ လုပ်ငန်း)ဒီကဏ္ဍမှာတော့ အရေးပါတဲ့ လုပ်ငန်း ၁ မျိုး ပါဝင်ပါတယ် -10. Healthcare and pharmaceuticals: သက်ကြီးရွယ်အို ဦးရေ များပြားလာတဲ့ လူ့အဖွဲ့အစည်း (Ageing society) ဖြစ်လာတာနဲ့အမျှ ဆေးဝါး၊ ဆေးရုံနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေဟာ Medical Hub ဖြစ်ဖို့ ရည်မှန်းထားတဲ့ ထိုင်းနိုင်ငံအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။



